(၂၀၂၄)ပဲရစ်အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ တတိယလုပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အီဂျစ်အသင်းနဲ့ပွဲစဉ်မှာ မော်ရိုကိုအသင်းက (၆)ဂိုးပြတ်အနိုင်ရရှိပြီး ကြေးတံဆိပ်ဆုကို ရယူနိုင်ခဲ့ပါတယ်။
မော်ရိုကိုအသင်းဟာ အီဂျစ် အသင်းကို အသာစီးနဲ့ကစားနိုင်ခဲ့သလို ရလာတဲ့အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့တာကြောင့် ဂိုးပြတ်အနိုင်ရခဲ့တာပါ။
အိုလံပစ်ပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ မော်ရိုကိုအသင်းဟာ ဆီးမီး ဖိုင်နယ်အဆင့်မှာ စပိန်အသင်းကို (၂)ဂိုး၊ (၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

တတိယလုပွဲမှာတော့ မော်ရိုကိုအသင်းက အီဂျစ်အသင်းကို ပထမပိုင်းမှာတင် (၂)ဂိုးပြတ်အနိုင်ရခဲ့ပြီး ပွဲအပြီးမှာ (၆)ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
မော်ရိုကိုအသင်းအတွက် ဂိုးတွေကိုတော့ အဇယ်ဇူလီ၊ အယ်ခါနော့စ်၊ နာကက်ချ်၊ ဟာကီမီတို့က (၁)ဂိုးစီသွင်းယူခဲ့ကြသလို တိုက်စစ်မှူးရာဟီမီက (၂)ဂိုးသွင်း သွင်းယူပေးခဲ့ပါတယ်။