လက်ကျန် ဘောလုံးရာသီဝက်အတွက် စပိန်ကွင်းလယ်လူ အိုလ်မိုကို မှတ်ပုံတင်ခွင့်ပြုပေးဖို့ ဘာစီလိုနာအသင်းရဲ့ အယူခံကို တရားရုံးကပယ်ချလိုက်ပါတယ်။

လာလီဂါရဲ့ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီစေဖို့အတွက် ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူထားခဲ့တဲ့ အိုလ်မိုကို ဘာစီလိုနာ အသင်းက ရာသီဝက်အတွက်သာ မှတ်ပုံတင်ထားခဲ့တာပါ။
ဒါ့ကြောင့် ဘာစီလိုနာအသင်းအတွက် အိုလ်မိုရဲ့ ကစားခွင့်က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ လာလီဂါကလည်း တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံသွားပြီး မှတ်ပုံတင်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေ အပြည့်အစုံတင်ပြနိုင်မှသာ ခွင့်ပြုသင့်တယ်လို့ ပြောကြားထားပါတယ်။
ဘာစီလိုနာအသင်းကတော့ အိုလ်မိုကို မှတ်ပုံတင်ခွင့်ရဖို့အတွက် နောက်ထပ် အယူခံတွေ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။