ဇူလိုင်လ(၂၄)ရက်နေ့က အမေရိကန်အသင်းနဲ့ကစားခဲ့တဲ့ (၂၀၂၄)ပဲရစ်အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အဖွင့် ပွဲစဉ်မှာ အိမ်ရှင်ပြင်သစ်အသင်းက (၃)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်သလို အမေရိကန်အသင်းကိုလည်း ပွဲချိန်ပြည့် ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။
ပြင်သစ်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၆၁)မိနစ်မှာ လာကာဇက်၊ (၆၉)မိနစ်မှာ အိုလစ်စီနဲ့ (၈၅)မိနစ်မှာ ဘာဒီတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်က ပြင်သစ်အိုလံပစ်နည်းပြအဖြစ် တာဝန်ယူနေတဲ့ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီလက်ထက် အိုလံပစ်အဖွင့်ပွဲစဉ်မှာတင် တိုက်စစ်အစွမ်း ပြပြီး ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်တစ်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။
အခုပွဲစဉ်မှာ အနိုင်ရခဲ့တာက အိုလံပစ်ပြိုင်ပွဲမှာ အောင်မြင်မှု မရဖူးသေးတဲ့ ပြင်သစ်အသင်းအတွက် အင်အားဖြစ်စေခဲ့သလို နောက်တစ်ဆင့်တက်ဖို့အတွက်လည်း အခြေအနေကောင်းလာခဲ့ပါတယ်။