စပိန်အမျိုးသမီးအသင်းရဲ့တိုက်စစ်မှူး ဘွန်မာတီက လာမယ့်(၂၀၂၄) ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ အသင်းနဲ့အတူ ရွှေ့တံဆိပ်ရယူဖို့အတွက် ပစ်မှတ်ထားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
စပိန်အမျိုးသမီးအသင်းဟာ အိုလံပစ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ရတာကြောင့်လည်း အခုပြိုင်ပွဲမှာ ရွှေတံဆိပ်ရဖို့အတွက် ဘွန်မာတီက ပစ်မှတ်ထားနေတာပါ။

တိုက်စစ်မှူးဘွန်မာတီဟာ ပြီးခဲ့တဲ့နှစ်အတွင်း စပိန်အမျိုးသမီးအသင်းနဲ့ အတူ ကမ္ဘာ့ဖလားအပြင် နေးရှင်းလိဂ်ဖလားတို့ကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပြီး အိုလံပစ်ရွှေတံဆိပ်ဆုက သူ့ရဲ့ လက်ရွေးစင်ကစားသမားဘဝမှာ မရဖူးသေးတဲ့ တစ်ခုတည်းသော ဆုလည်းဖြစ်ပါတယ်။
စပိန်အသင်းဟာ လာမယ့်(၂၀၂၄) ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရွှေ့တံဆိပ်ဆု ရဖို့အတွက် လက်ရှိချန်ပီယံ အမေရိကန်အမျိုးသမီး အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။