ပဲရစ်အိုလံပစ်ပြိုင်ပွဲ မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ဆောင်မှုဟာ အိုလံပစ်ရေလွှာလှိုင်းစီးပြိုင်ပွဲကို လက်ခံကျင်းပ မယ့် တဟီတီကျွန်းကို ဇွန်လ ၁၃ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။

အိုလံပစ်မီးရှူးတိုင်ကို သယ်ဆောင်လာခဲ့တဲ့လှေဟာ တီဟူပိုမြို့က ကမ်းခြေကို ရောက်ရှိလာခဲ့တာဖြစ်ပြီး တီဟူပိုမြို့အတွင်း လက်ဆင့်ကမ်း သယ်ဆောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံ မာဆေးလ်မြို့ကနေ မေလ ၉ ရက်နေ့စတင်ခဲ့တဲ့ အိုလံပစ်မီးရှူးတိုင် သယ်ဆောင်မှုက ပြင်သစ်နိုင်ငံအတွင်း ၁ လကြာ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ပြီးနောက် အခုတစ်ပတ်အတွင်း ပြင်သစ်ရဲ့ ပင်လယ်ရပ်ခြားနယ်မြေအချို့ကို ဖြတ်သန်းမှာ ဖြစ်ပါတယ်။
အိုလံပစ်မီးရှူးတိုင် သယ်ဆောင်မှုဟာ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပမယ့် ဇူလိုင်လ ၂၆ ရက် ပဲရစ်မြို့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့ကနေ ဩဂုတ်လ ၁၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကိုတော့ ဩဂုတ်လ ၂၈ ရက်နေ့ကနေ စက်တင်ဘာလ ၈ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။