အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် မန်စီးတီးအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်ဗာရက်ဇ်က သူ့ရဲ့ကစားသမားဘဝ အနာဂတ်ကို (၂၀၂၄)ပဲရစ်အိုလံပစ်ပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အယ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းအတွက် အရေးပါတဲ့ပွဲစဉ်တွေမှာ ကစားခွင့်မရခဲ့တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ဖူးသလို အခုအချိန်မှာလည်း ကစားသမားဘဝ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့အတွက် စဉ်းစားနေတာပါ။
အခုအချိန်မှာ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် အာဂျင်တီးနားအသင်းနဲ့ အိုလံပစ်ပြိုင်ပွဲကိုသာ အာရုံစိုက်ထားတယ်လို့ အယ်ဗာရက်ဇ်က ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းမှာ ပွဲချိန်တော်တော်များများ ကစားခွင့်ရခဲ့ပေမယ့် အရေးပါတဲ့ပွဲစဉ်တွေမှာ ကစားခွင့်မရတာက သူ့ကိုအနည်းငယ်စိတ်ပျက်စေခဲ့တယ်လို့ အယ်ဗာရက်ဇ်က ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
မန်စီးတီးအသင်း ကထွက်ခွာမယ်လို့ သတင်းထွက်ပေါ်နေတဲ့ အယ်ဗာရက်ဇ်ကို လာလီဂါကလပ် အက်သလက်တီကိုအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။