ဩဂုတ်လ(၂)ရက်နေ့ ညက ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ (၂၀၂၄)ပဲရစ်အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းက (၁)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ပွဲအစ(၅)မိနစ်မှာတင် ဦးဆောင်ဂိုးရခဲ့ပြီး အဲဒီဦးဆောင်ဂိုးနဲ့ပဲ တစ်ပွဲလုံး ထိန်းကစားနိုင်ခဲ့တာပါ။
ပြင်သစ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန်(၅)မိနစ်မှာ တောင်ပံကစားသမား အိုလစ်ဆီရဲ့ ပေးပို့မှုကို တိုက်စစ်မှူးမာတီတာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ မထင်မှတ်ပဲ ဦးဆောင်ဂိုးပေးခဲ့ရတာကြောင့် ချေပဂိုး ရရှိဖို့ ဖိအားပေး ကစားခဲ့ပေမယ့် ပြင်သစ်အသင်းက ထိန်းကစားနိုင်ခဲ့လို့ ချေပဂိုး မရရှိခဲ့ပါဘူး။
(၁)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်အသင်းကတော့ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် လာမယ့်ဩဂုတ်လ(၅)ရက်မှာ အီဂျစ်အသင်းနဲ့ကစားရမှာ ဖြစ်ပါတယ်။