၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ ဒုတိယငွေတံဆိပ်ရခဲ့တဲ့ ဂျာမနီတင်းနစ်မယ် ကာဘာက ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အပြီးမှာ ကစားသမားဘဝက အနားယူမှာဖြစ်တယ်လို့ ဇူလိုင်လ ၂၅ ရက်နေ့က အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့ အဆင့်-၁ ဟောင်းဖြစ်သလို ဂရင်းစလမ်ချန်ပီယံဆုကို ၃ ကြိမ်ရယူထားနိုင်ခဲ့တဲ့ ကာဘာဟာ လက်ရှိမှာ အသက် ၃၆ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၆ ရီယိုအိုလံပစ် အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက် နိုင်ခဲ့တာဖြစ်ပါတယ်။
ပဲရစ်အိုလံပစ်ပြိုင်ပွဲက ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့အတွက် အမှတ်တရကောင်းတွေ အများကြီးရှိလာမှာသေချာပါတယ်လို့ ကာဘာက သူမရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ဂရင်းစလမ်ပြိုင်ပွဲတွေဖြစ်တဲ့ ဩစတြေးလျအိုးပင်း၊ ယူအက်စ်အိုးပင်းနဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေ ရယူထားနိုင်ခဲ့တဲ့ ကာဘာဟာ ကစားသမားဘဝ WTA တိုးပြိုင်ပွဲ ချန်ပီယံဆုကို ၁၄ ကြိမ်အထိ ရရှိခဲ့သူဖြစ်ပါတယ်။
သူမရဲ့တင်းနစ်ကစားသမားဘဝကို ပြန်ကြည့်မယ်ဆိုရင် အောင်မြင်ခဲ့တယ်လို့ ပြောနိုင်သလို ပဲရစ် အိုလံပစ်ပြိုင်ပွဲမှာလည်း အောင်မြင်မှုတွေနဲ့ နှုတ်ဆက်ချင်ပါတယ်လို့ ကာဘာက ပြောကြား ထားပါတယ်။