၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကြက်တောင်နဲ့ ရေကူးအားကစားနည်း နှစ်မျိုးမှာ ပါဝင်ယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီကနေ သိရပါတယ်။ ကြက်တောင်ပြိုင်ပွဲမှာ သက်ထားသူဇာနဲ့ ရေကူးပြိုင်ပွဲမှာ ဖုန်းပြည့်ဟန်တို့ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
သက်ထားသူဇာဟာ အိုလံပစ်လက်ရည်စစ်ပွဲအောင်မြင်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အုပ်စု(C)မှာ ဂျပန်၊ ကနေဒါ တင်းနစ်မယ်တွေနဲ့အတူ ယှဉ်ပြိုင်ရမှာပါ။

မြန်မာရေကူးကစားသမား ဖုန်းပြည့်ဟန်ကတော့ အမျိုးသားမီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့ သိရပါတယ်။