(၂၀၂၄)ပဲရစ်အိုလံပစ်ရဲ့ လေသေနတ်ပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရခဲ့တဲ့ တူကီယဲသေနတ်ပစ်သမား ယူဆပ်ဒီကတ် ကို သူ့ရဲ့အပြုအမူကြောင့် ဆိုရှယ်မီဒီယာမှာ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။
မီတာ(၁၀) လေသေနတ် ပစ်ပြိုင်ပွဲရဲ့ နှစ်ယောက်တွဲပွဲစဉ်မှာ ယူဆပ်ဒီကတ်ဟာ သေနတ်ပစ်ရာမှာ တခြားပြိုင်ပွဲဝင်တွေလိုမျိုး အထောက်အကူပြုပစ္စည်း တစ်ခုမှမသုံးဘဲ ပစ်ခဲ့ပြီး ငွေတံဆိပ်ဆုရယူနိုင်ခဲ့တာကြောင့် ပရိသတ်တွေကြား အခုလို ရေပန်းစားနေခဲ့တာပါ။

အသက်(၅၁)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ တူကီယဲသေနတ်ပစ်သမား ယူဆပ်ဒီကတ်ဟာ တူကီယဲစစ်တပ်ရဲ့အရာရှိဟောင်းတစ်ဦးဖြစ်သလို တခြားပြိုင်ပွဲဝင်တွေနဲ့မတူဘဲ သေနတ်ပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
အထောက်အကူပြုပစ္စည်းတစ်ခုမှ မသုံးဘဲ ဘောင်းဘီအိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ပြီး ပစ်ပြခဲ့တဲ့ သူ့ရဲ့အပြုအမူက ပရိသတ်တွေရဲ့စိတ်ကို ဖမ်းစားနိုင်ခဲ့သလို ချီးကျူးမှုတွေကိုလည်း ခံနေရတာဖြစ်ပါတယ်။