လက်ရှိကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ စက်တင်ဘာလ(၁၀)ရက်နေ့မှာ ကစားခဲ့တဲ့ ကိုလံဘီယာ အသင်းနဲ့ (၂၀၂၆)ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ (၂)ဂိုး၊ (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ အခု ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှု မရှိခဲ့တာကြောင့် ကိုလံဘီယာအသင်းကို ရှုံးနိမ့်ခဲ့ရတာပါ။
အာဂျင်တီးနားအသင်းဟာ မာတီနက်ဇ်နဲ့ အယ်ဗာရက်ဇ်တို့နှစ်ယောက်ကို အသင်းရဲ့ တိုက်စစ်မှာ ပူးတွဲအသုံးပြုခဲ့ပေမယ့် အသင်းခေါင်းဆောင် မက်ဆီ မပါဝင်နိုင်တာက အားနည်းချက်ဖြစ်ခဲ့ရပါတယ်။

အာဂျင် တီးနားအသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန်(၄၈)မိနစ်မှာ ဂွန်ဇာလက်ဇ်က သွင်းယူခဲ့ပြီး ကိုလံဘီယာအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်(၂၅)မိနစ်မှာ မော့စ်ကွီယာ၊ မိနစ်(၆၀)မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ က သွင်းယူပေးခဲ့ကြပါတယ်။
အာဂျင်တီးနားအသင်းဟာ အခုပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် (၂၀၂၃)ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နောက်ပိုင်း ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။