အခုအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ခဲ့ တဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်ဗာရက်ဇ်ဟာ ဩဂုတ်လ(၁၄)ရက်နေ့ကပြုလုပ်တဲ့ အသင်းရဲ့လေ့ကျင့်ရေးမှာ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။
မိုရာတာကို အေစီမီလန်အသင်းကို ရောင်းပြီးနောက် အက်သလက်တီကိုအသင်း ဟာ တိုက်စစ်အင်အားဖြည့်တင်းဖို့အတွက် မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ အယ်ဗာရက်ဇ်ကို ခေါ်ယူခဲ့တာပါ။

အက်သလက်တီကိုအသင်းဟာ အယ်ဗာရက်ဇ်ကိုခေါ်ယူဖို့အတွက် မန်စီးတီးအသင်းကို အပိုဆုကြေးအပါအဝင် ပြောင်းရွှေ့ကြေး ယူရို(၉၅)သန်းအထိ ပေးချေသွားရမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
အက်သလက်တီကိုအသင်းဟာ အယ်ဗာရက်ဇ်ကို (၆)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့ အာဂျင်တီးနားအသင်းတို့မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် အသင်းအတွက် အကျိုးရှိတဲ့ခေါ်ယူမှု ဖြစ်လာ လိမ့်မယ်လို့ ယုံကြည်နေပါတယ်။