စပိန်ကလပ် အက်သလက်တီကိုအသင်းဟာ အခုအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကနေ ခေါ်ယူနိုင်ခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်ဗာရက်ဇ်ကို ဩဂုတ်လ(၁၆)ရက်နေ့မှာ ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက် သွားခဲ့ပါတယ်။
အယ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ပြီးခဲ့တဲ့ရက်တွေကတည်းက ပူးပေါင်းခဲ့ပေမယ့် အခုမှသာ ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးခဲ့တာပါ။
စိန်ခေါ်မှုသစ် တွေကို လိုချင်တာကြောင့် မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပရိသတ်တွေနဲ့ မိတ်ဆက်ပွဲမှာ အယ်ဗာရက်ဇ်က ပြောပါတယ်။

အက်သလက် တီကိုအသင်းဟာ အယ်ဗာရက်ဇ်ကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေးယူရို(၇၅)သန်းအပြင် အပိုဆုကြေး ယူရိုသန်း(၂၀)ကိုလည်း ပေးချေသွားရမှာဖြစ်တယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဟာ (၂၀၂၂) ခုနှစ်မှာ ရေးဗားပလိတ်အသင်းကနေ အယ်ဗာရက်ဇ်ကို ပေါင်(၁၄)သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး အယ်ဗာရက်ဇ် ဟာ မန်စီးတီးကစားသမားဘဝ (၂)ရာသီအတွင်း ပြိုင်ပွဲစုံ(၁၀၃)ပွဲမှာ (၃၆)ဂိုးသွင်းယူကာ (၁၇)ဂိုးဖန်တီးခဲ့ပါတယ်။