တိုးဒီဖရန့် အမျိုးသမီးစက်ဘီးစီးပြိုင်ပွဲ အဆင့်-၆ မှာ အနိုင်ရခဲ့တဲ့ ကာဘိုးဟာ အခုပြိုင်ပွဲရဲ့အဆင့်တစ်ခုကို အနိုင်ရတဲ့ ပထမဆုံး ပြင်သစ်စက်ဘီးစီးမယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့က ယှဉ်ပြိုင် ခဲ့တဲ့ အဆင့်-၆ အဖြစ် ၁၅၉ ဒသမ ၂ ကီလိုမီတာခရီးကို ပြိုင်ပွဲဝင်တွေ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။
WNT ပရိုအသင်းရဲ့ ပြိုင်ပွဲဝင်ဖြစ်တဲ့ ကာဘိုး အပါအဝင် ပြိုင်ပွဲဝင်တွေဟာ တောင်တက်ခရီး လမ်းကြောင်းမှာ အမှားအယွင်းမရှိအောင် ကြိုးစားခဲ့ကြပြီး ပြိုင်လမ်းရဲ့အဆုံးသတ်ပိုင်းမှာတော့ ကာဘိုးက ပြိုင်ဘက်တွေကို ဖြတ်ထားနိုင်ခဲ့ပါတယ်။

ပန်းဝင်လာချိန်မှာတော့ ကာဘိုးက ၄ နာရီ ၄ မိနစ် ၄၁ စက္ကန့်နဲ့ ထိပ်ဆုံး က ပန်းဝင်လာနိုင်ခဲ့ပြီး နယ်သာလန်နိုင်ငံသူ မာရီယာနီက ဒုတိယနဲ့ ဂျာမနီနိုင်ငံသူ လစ်ပတ်က တတိယ အသီးသီး ရခဲ့ကြပါတယ်။
အဆင့်-၆ ဆင့်အပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာ ကန်ယွန်အသင်းရဲ့ ပိုလန်နိုင်ငံသူ နီဝီဒိုမာ က ၁၁ နာရီ ၂၇ မိနစ် ၂၉ စက္ကန့်နဲ့ ထိပ်ဆုံးက ဆက်လက် ဦးဆောင်နေပါတယ်။
အခုနှစ် တိုးဒီဖရန့် အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲမှာ အဆင့် ၈ ဆင့်ကို ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ပြိုင်ပွဲပြီးဆုံးဖို့က နောက်ဆုံး အဆင့် ၂ ဆင့်ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။