ဩဂုတ်လ(၁၁)ရက် ညက ကစားခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ အမ်းမရိတ်ဖလား ဗိုလ်လုပွဲစဉ်မှာ အာဆင်နယ် အသင်းက (၂)ဂိုးပြတ်အနိုင်ရပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။
အခုပွဲစဉ်က အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားရတာဖြစ်သလို လိုင်ယွန်အသင်းကို တစ်ပွဲလုံး ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲအပြီးမှာ အနိုင်ရခဲ့တာပါ။
အာဆင်နယ်အသင်းဟာ အခုပွဲစဉ်မှာ ဟာဗက်ကို ပွဲထွက်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့သလို အသင်းရဲ့အဓိက ကစားသမားတွေနဲ့ လိုင်ယွန်အသင်းကို ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲအစ(၉)မိနစ်မှာတင် ရိုက်စ်ရဲ့ထောင့်ကန်ဘော ပေးပို့မှုကို ဆာလီဘာက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အနိုင်ရဖို့ သေချာစေမယ့်ဂိုးကိုတော့ ရိုက်စ်ရဲ့ထောင့်ကန်ဘော ပေးပို့မှုကိုပဲ ဂါဘရီရယ်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် အခုနှစ် အမ်းမရိတ်ဖလားပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်လာခဲ့ပါတယ်။