ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ အမ်ဘာပေကို ဇူလိုင်လ(၁၆)ရက်နေ့က ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးသွားခဲ့ပါတယ်။
ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ ဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။
အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေက ပြီးခဲ့တဲ့နှစ်တွေကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာမှ တရားဝင်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်း ဟာ ငယ်ဘဝတည်းက ကစားချင်တဲ့အသင်းဖြစ်သလို အခုလို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူမိတယ်လို့ အမ်ဘာပေက ပြောပါတယ်။
အသင်းနဲ့အတူ (၅)နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ အမ်ဘာပေရဲ့မိတ်ဆက်ပွဲကို ရီးရဲလ် မက်ဒရစ်ပရိသတ်များစွာ တက်ရောက်ခဲ့ကြပါတယ်။
အသက်(၂၅)အရွယ် ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကျောနံပါတ်(၉)ကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။