ချယ်လ်ဆီးနည်းပြသစ် မာရက်စကာက (၂၀၂၄)ကိုပါအမေရိက ချန်ပီယံဖြစ်လာပြီးနောက် အောင်ပွဲခံရာမှာ ဆိုခဲ့တဲ့သီချင်းကြောင့် ဝေဖန်ခံနေရတဲ့ အသင်းရဲ့အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဘက်ကနေ ကာကွယ်သွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ခြေစမ်းပွဲစဉ်တွေကစားဖို့အတွက် အမေရိကန်နိုင်ငံကို ရောက်ရှိ နေခဲ့ကြတာဖြစ်ပြီး အန်ဇိုဖာနန်ဒက်ဇ်ရဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ နည်းပြမာရက်စကာက အခုလိုမျိုး ပြောကြားသွားခဲ့တာပါ။
အန်ဇိုရဲ့ဖြစ်ရပ်က နားလည်ပေးလို့ရသလို ဝေဖန်မှုတွေခံရပြီးချင်းမှာပဲ ချယ်လ်ဆီးအသင်းနဲ့ အသင်းဖော်တွေကို ချိတ်ဆက်တောင်းပန်မှုတွေ လုပ်ခဲ့တယ်လို့ နည်းပြမာရက်စကာက ပြောပါတယ်။

အသင်းအနေနဲ့ တရားဝင်စာ ထုတ်ပြန်ခဲ့ပြီးပြီဖြစ်သလို အန်ဇိုရဲ့တောင်းပန်မှုကိုလည်း လက်ခံပြီးပြီဖြစ်တာမလို့ သူ့ရဲ့ပြဿနာက အခုအချိန်မှာ ပြီးဆုံးသွားခဲ့ပြီလို့လည်း နည်းပြမာရက်စကာက ဆက်လက်ပြောကြားခဲ့ပါတယ်။
အန်ဇိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲကစားခဲ့တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ အမေရိကန်ခြေစမ်းခရီးစဉ်မှာ လိုက်ပါနိုင်ခြင်းမရှိသေးပေမယ့် မကြာခင်မှာ အသင်းနဲ့အတူ ပူးပေါင်းသွားဖွယ် ရှိနေပါတယ်။