ဘာစီလိုနာအသင်းဘုတ်အဖွဲ့က နည်းပြဇာဗီကို ထုတ်ပယ်ဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် နေပေမယ့် သူ့ရဲ့အနာဂတ်က အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ နည်းပြဇာဗီက ပြောကြားလိုက်ပါတယ်။ တနင်္ဂနွေ ညက ဗယ်လီကာနိုအသင်းကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့လို့ ဘာစီလိုနာအသင်းဟာ အခုရာသီ လာလီဂါမှာ ဒုတိယနေရာရဖို့ သေချာခဲ့ပါတယ်။
ဒုတိယနေရာရမှုက ကျေနပ်သင့်တဲ့ အခြေအနေ မဟုတ်ပေမယ့် လာမယ့် ရာသီမှာ ပိုမိုတိုးတက်လာဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်စေပါလိမ့်မယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဇာဗီက ပြောသွားခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ သတင်းတွေ ထွက်ပေါ်နေမှုအပေါ် ဂရုစိုက်နေမှာ မဟုတ်ဘဲ သူ့ရဲ့ဘာစီလိုနာ အနာဂတ်က အပြောင်းအလဲရှိမှာမဟုတ်ဘူးလို့ ဇာဗီက ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။
နည်းပြဇာဗီဟာ ဇန်နဝါရီလက အသင်းကနေရာသီအကုန်မှာ ထွက်တော့မယ်လို့ ပြောကြားခဲ့ပေမယ့် နောက်ပိုင်း မှာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး စာချုပ်ပြည့်တဲ့အထိ အသင်းမှာ ဆက်နေ မယ်လို့ ပြောကြားခဲ့တာဖြစ်ပါ တယ်။ ဒါပေမဲ့ ဘာစီလိုနာဘုတ်အဖွဲ့ကတော့ ဇာဗီရဲ့ အသင်းအုပ်ချုပ်မှုတွေကို စိတ်ကျေနပ်မှု မရှိတာကြောင့် ရာသီအကုန်မှာ ထုတ်ပယ်ဖို့ လုပ်ဆောင်နေတယ်ဆိုပြီး သတင်းတွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။