အာဆင်နယ်နည်းပြ အာတီတာက အသင်းနဲ့သူ့ရဲ့ကြား အနာဂတ်ကို အလျင်စလိုဆုံးဖြတ်သွားမှာ မဟုတ်ဘူးလို့ ဩဂုတ်လ(၂၃)ရက်နေ့က ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်နဲ့ အာတီတာတို့ရဲ့စာချုပ်သက်တမ်းက (၁)နှစ် သာကျန်ရှိတော့တာြဖစ်ပြီး အခုဘောလုံးရာသီအပြီးမှာပဲ ကုန်ဆုံးတော့မှာပါ။
အခုအချိန်မှာ အသင်းနဲ့အနာဂတ် ထက် ရာသီသစ်အတွက် လူခေါ်ယူဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ နည်းပြအာတီတာက ပြောပါတယ်။

(၂၀၁၉) ခုနှစ်မှာကတည်းက အာဆင်နယ်နည်းပြဖြစ်လာခဲ့တဲ့ အာတီတာက အသင်းကို နည်းပြအဖြစ်တာဝန်ယူရတဲ့အပေါ် ဂုဏ်ယူမိသလို အသင်းမှာနေရတာကိုလည်း ပျော်ရွှင်မိတယ်လို့ ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
အာဆင်နယ် အသင်းဟာ အခုဘောလုံးရာသီအပြောင်းအရွှေ့မှာ နောက်ခံလူ ကာလာဖီအိုရီ တစ်ယောက်တည်းကိုသာ ခေါ်ယူ ထားတာကြောင့် နည်းပြအာတီတာက ကစားသမားသစ်တွေကို ခေါ်ယူဖို့အတွက် အာရုံစိုက်နေတာပဲ ဖြစ်ပါတယ်။