မန်စီးတီးနည်းပြ ဂွာဒီယိုလာက ရာသီကုန်မှာအသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့် နည်းပြဘဝအနာဂတ်နဲ့ပတ်သက်ပြီး အခုအချိန်အထိ ဆုံးဖြတ်ချက်မချရသေးကြောင်း ပြောကြားသွားခဲ့ပါတယ်။
နည်းပြဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်သက်တမ်းက လာမယ့်ဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်လို့ ပရိသတ်တွေကြား ဂွာဒီယိုလာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းတွေထွက်ပေါ်နေခဲ့တာပါ။

မန်စီးတီးအသင်း ကို (၈)နှစ်ကျော်ကြာ ကိုင်တွယ်ခဲ့ပြီးတာကြောင့် အသင်းမှာဆက်နေဖို့ထက် ထွက်ခွာဖို့ပိုများတယ်ဆိုပေမယ့် မန်စီးတီး အသင်းကနေထွက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး အခုချိန်ထိမလုပ်ရသေးဘူးလို့ နည်းပြဂွာဒီယိုလာကပြောပါတယ်။
မန်စီးတီးအသင်းအနေနဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းထားပေမယ့် ငြင်းပယ်ထားတာမျိုး မလုပ်ရသေးသလို အသင်းနဲ့အနာဂတ်အတွက် သေချာစဉ်းစားနေတယ်လို့ ဂွာဒီယိုလာက ဆက်လက်ပြောကြားသွားခဲ့ပါတယ်။