ရာသီကုန်မှာ နည်းပြဒီဇာဘီနဲ့ လမ်းခွဲခဲ့တဲ့ ဘရိုက်တန်အသင်းဟာ ဂျာမနီဒုတိယတန်းကလပ် စိန့်ပေါ်လီအသင်းရဲ့ နည်းပြဟာဇီလာကို နည်းပြသစ်အဖြစ် ခန့်လိုက်ပါတယ်။
နည်းပြဟာဇီလာဟာ စိန့်ပေါ်လီအသင်းကို ပြီးခဲ့တဲ့ရာသီက အမှတ်ပေးချန်ပီယံဆု ရယူပေးနိုင်ခဲ့ပြီး ဘွန်ဒက်လီဂါကို တန်းတက်ခွင့်ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့တာကြောင့် ဘရိုက်တန်အသင်းက နည်းပြသစ်ခန့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဘရိုက်တန်အသင်းက နည်းပြဟာဇီလာကို (၂၀၂၇)ခုနှစ်အထိ သက်တမ်းရှိတဲ့ (၃)နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။
နည်းပြဟာဇီလာရဲ့ ကစားပုံက ဘရိုက်တန်အသင်း လိုချင်တဲ့ကစားပုံနဲ့ ကိုက်ညီသလို ပရိသတ်တွေစိတ်ကြိုက် ကစားဟန်ဖြစ်လာလိမ့်မယ်လို့ ဘရိုက်တန်အသင်းက ပြောပါတယ်။
နည်းပြဟာဇီလာဟာ ဘရိုက်တန်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေ စတင်မယ့် ဇူလိုင်လကစပြီး အသင်းနဲ့အတူ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။