ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပွဲစဉ်မှာ လက်ရှိချန်ပီယံ စပိန်တင်းနစ်သမား အယ်ကာရက်ဇ်ပဲ ချန်ပီယံဆုကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ဇူလိုင်လ ၁၄ ရက်ညအစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ဆီဒင်အဆင့်-၃ အယ်ကာရက်ဇ်နဲ့ ဆီဒင်အဆင့်-၂ ဂျိုကိုဗစ်တို့ ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး ဗိုလ်လုပွဲစဉ်က အကြိတ် အနယ်ရှိခဲ့ပါတယ်။
၂၀၂၃ ဝင်ဘယ်ဒန်ဗိုလ်လုပွဲတုန်းက ဂျိုကိုဗစ်ကို အနိုင်ရခဲ့တဲ့ အယ်ကာရက်ဇ်ဟာ အခုပွဲမှာ လည်း အကောင်းဆုံးလက်စွမ်းနဲ့အတူ ဂျိုကိုဗစ်ကို ဖိအားပေးနိုင်ခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် အယ်ကာရက်ဇ် ရဲ့ ပြင်းထန်အားပါတဲ့ ရိုက်ချက်တွေကြောင့် အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ် ရုန်းကန်ခဲ့ရပြီး အမှားအယွင်းတွေလည်း များခဲ့ပါတယ်။
ဒါ့ကြောင့်လည်း ပွဲအပြီးမှာ အယ်ကာရက်ဇ်က (၆း၂၊၆း၂၊၇း၆)ဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
အခုချန်ပီယံဆုက အယ်ကာရက်ဇ်အတွက် ဒုတိယမြောက် ဝင်ဘယ်ဒန်ချန်ပီယံဆုဖြစ်သလို ၄ ခုမြောက် ဂရင်းစလမ်ချန်ပီယံဆုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အယ်ကာရက်ဇ် ဟာ ဂရင်းစလမ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ ပွဲစဉ်တိုင်းအနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကိုလည်း ရေးထိုးသွား နိုင်ခဲ့ပါတယ်။