လိဂ်ဖလား ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွေပြီးဆုံးချိန်တွင် ဆီမီးဖိုင်နယ်အဆင့် မဲခွဲမှုတွေကို ဒီဇင်ဘာလ(၁၉) ရက်က ပြုလုပ်ခဲ့ပါတယ်။ လိဂ်ဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပရီးမီးယားလိဂ်အသင်းကြီးတွေပဲ ကျန်ခဲ့ကြတာပါ။

ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေကိုတော့ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ကစားသွားကြရမှာဖြစ်ပါတယ်။ ဒီမဲခွဲမှုမှာ လိဂ်ဖလားကို(၁၀)ကြိမ်အထိ ရယူခဲ့ဖူးတဲ့ အသင်းဖြစ်သလို လက်ရှိချန်ပီယံလည်းဖြစ်တဲ့ လီဗာပူး အသင်းက မန်ယူအသင်းကို အနိုင်ရပြီး နောက်တစ်ဆင့်တက်လာတဲ့ စပါးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံ နေခဲ့ပါ တယ်။ ဒီပွဲရဲ့ပထမအကျော့ကို စပါးအသင်းရဲ့အိမ်ကွင်းမှာ အရင်ဆုံးကစား သွားရမှာဖြစ်တယ်လို့လည်း သိရပါ တယ်။

ပဲလေ့စ်အသင်းကိုအနိုင်ရပြီး နောက်တစ်ဆင့်တက်လာတဲ့ အာဆင်နယ်အသင်းက ဘရန့်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကစားသွားရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို အာဆင်နယ်အသင်းရဲ့အိမ်ကွင်းမှာ အရင်ဆုံး ကစားသွားရမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို လာမယ့်(၂၀၂၅)ခုနှစ်၊ ဇန်နဝါရီလ (၆)ရက် နေ့မှာ ကစားသွားကြမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီလ(၃)ရက်နေ့မှာ ကစားသွားကြ မှာဖြစ်ပါတယ်။