ဖင်လန်အသင်းကို (၂)ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာ လက်ရွေးစင်ကစားသမားဘဝ ပွဲ(၁၀၀)ပြည့်မြောက်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောကြားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် သူ့ရဲ့ပွဲ(၁၀၀)မြောက်ကို အထိမ်းအမှတ်အဖြစ် ပြုလုပ်ထား တဲ့ ရွှေဖိနပ်ဝတ်ဆင်ရင်း ကစားခဲ့တာဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ ဖင်လန်အသင်းနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ သွင်းဂိုး(၂)ဂိုးလုံးကို ပွဲချိန်(၅၇)မိနစ်နဲ့ (၇၆)မိနစ်တို့မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အငှားကစားသမားအဖြစ် ကလပ်အသင်းတွေမှာ အချိန်ကုန်ခဲ့ရတုန်းက အင်္ဂလန်အသင်းအတွက် ပွဲ(၁၀၀)ပြည့်အောင် ကစားနိုင်လိမ့်မယ်လို့ တွေးတောင် မတွေးမိခဲ့ပေမယ့် အခုအချိန်မှာ ဖြစ်လာခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ ဟယ်ရီကိန်းကပြောပါ တယ်။

အင်္ဂလန်အသင်းအတွက် ပွဲ(၁၀၀)ပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် နောက်လာမယ့်ပွဲစဉ်တွေမှာလည်း အကောင်းဆုံး ကစားသွားမယ်လို့ ဟယ်ရီကိန်းက ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
အင်္ဂလန်အသင်းနဲ့ ပွဲ(၁၀၀)ပြည့်မြောက်ခဲ့တဲ့ ဟယ်ရီကိန်းဟာ အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက်မှာ တတိယမြောက် ပွဲအများဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။