ဇူလိုင်လ(၁၅)ရက်နေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ကိုလံဘီယာအသင်းတို့ရဲ့ ကိုပါ အမေရိကဖလား ဗိုလ်လုပွဲစဉ်မှာ လက်မှတ်ဝယ်မထားတဲ့ ပရိသတ်တွေက ကွင်းထဲဝင်ဖို့ ကြိုးပမ်းခဲ့ကြတာ ကြောင့် ပွဲချိန်ကို နောက်ဆုတ်ခဲ့ရပါတယ်။
လက်မှတ်မဲ့ပရိသတ် တော်တော်များများဟာ ကွင်းထဲဝင်ဖို့ ကြိုးပမ်း ခဲ့ကြရာမှာ လုံခြုံရေးတွေက တားဆီးရင်းနဲ့ သတ်မှတ်ထားတဲ့ ပွဲစချိန်ထက် နောက်ကျခဲ့ရတာပါ။
ပွဲကြည့်စင် အတွင်းမှာ ပြဿနာတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ကိုပါအမေရိကဖလား ဗိုလ်လုပွဲစဉ်ကို သတ်မှတ်ချိန်ထက် မိနစ် (၈၀)နောက်ကျမှ စတင်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီပါပွဲစဉ်မှာ အာဂျင်တီးနားအသင်းနဲ့ ကိုလံဘီယာအသင်းတို့က အကြိတ်အနယ် ကစားခဲ့ကြပြီး ပွဲချိန်(၁၁၂)မိနစ်မှာ သွင်းယူခဲ့တဲ့ လူစားဝင်တိုက်စစ်မှူး မာတီနက်ဇ်ရဲ့ဂိုးကြောင့် အာဂျင်တီးနားအသင်းက (၁)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရခဲ့ တာကြောင့် ကိုပါအမေရိကဖလားချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့အပြင် (၂)ကြိမ်ဆက် ရယူနိုင်ခဲ့တဲ့ အသင်းပါ ဖြစ်လာခဲ့ရပါတယ်။