ဇွန်လ(၂၄)ရက်နေ့က ကျင်းပခဲ့တဲ့ အီတလီနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ယူရိုအုပ်စုနောက်ဆုံးပွဲစဉ်ကို လက်မှတ်မပါပဲ ကွင်းထဲဝင်ဖို့ ကြိုးစားခဲ့ကြတဲ့ ပရိသတ်တွေကို ဂျာမနီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။
အီတလီအသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ပွဲစဉ်က နောက်တစ်ဆင့်ကို တက်ဖို့အတွက် အရေးကြီးတဲ့ပွဲဖြစ်တာကြောင့်လည်း ပရိသတ်တွေက လက်မှတ်မပါပဲ ကွင်းထဲဝင်ဖို့ လုပ်ခဲ့ကြတာပါ။

ကွင်းပြင်မှာရှိတဲ့ ပရိသတ်တွေထဲက နှစ်ယောက်လောက်က ဝင်ပေါက်ကတစ်ဆင့် ကွင်းထဲကို လက်မှတ်မပါဘဲ ဝင်ဖို့ကြိုးစားခဲ့ကြတာဖြစ်ပြီး ဂျာမနီရဲတပ်ဖွဲ့က အချိန်မီဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ ယူရို(၂၀၂၄)ပြိုင်ပွဲကို ဂျာမနီရဲတပ်ဖွဲ့တွေအပြင် နိုင်ငံပေါင်းစုံက ရဲတပ်ဖွဲ့ဝင် (၅၈၀)ကျော်က လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေကြ တာ ဖြစ်ပါတယ်။