စက်တင်ဘာလ(၁၃)ရက်နေ့က ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ အယ်နာဆာအသင်းက အယ်အာလီအသင်းနဲ့ တစ်ဖက်(၁)ဂိုးစီသရေကျခဲ့ပါတယ်။
အယ်နာဆာအသင်းဟာ ပွဲချိန်မိနစ်(၉၀)အထိ အယ်အာလီအသင်းကို ရှုံးနိမ့်နေခဲ့ပေမယ့် နာကျင်အချိန်ပို(၉)မိနစ်မှာ နောက်ကျချေပဂိုးရခဲ့တာကြောင့် သရေကျခဲ့တာပါ။
အယ်နာဆာအသင်းဟာ အခုပွဲစဉ်မှာကစားသမားဘဝ ဂိုး(၉၀၀)ပြည့်မြောက်သွားခဲ့တဲ့ ရော်နယ်ဒိုကို အသင်းရဲ့တိုက်စစ်မှာ အသုံးပြုလာခဲ့သလို အယ်အာလီအသင်းကလည်း အခုနွေရာသီ အပြောင်းအရွှေ့မှာခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးသစ် တိုနေးကို ပွဲထွက်စာရင်းမှာ အသုံးပြုလာခဲ့ပါတယ်။

ပွဲကစားချိန်အတွင်း အယ်အာလီအသင်းက ဦးဆောင်ဂိုးအရင်ရခဲ့တာဖြစ်ပြီး ပွဲချိန်(၅၇)မိနစ်မှာ ကတ်ဆီက ဂိုးဧရိယာထိပ်ကနေ အပြင်းကန်သွင်းယူခဲ့ပါတယ်။
အယ်နာဆာအသင်းအတွက် နောက်ကျချေပဂိုးကို ပွဲချိန် မိနစ်(၉၀)ပြည့်လို့ နာကျင်အချိန်ပို(၉)မိနစ်မှာ အယ်ဂါနန်ရဲ့ကန်ချက် အယ်အာလီနောက်ခံလူ အယ်ဟူရေဂျီနဲ့ ထိမိပြီး ကိုယ့်ဂိုးကိုယ် ပြန်သွင်းယူမိခဲ့တာဖြစ်ပါတယ်။
အယ်နာဆာအသင်းဟာ အခုပွဲစဉ်မှာ သရေကျခဲ့တာကြောင့် ဆော်ဒီပရိုလိဂ်(၃)ပွဲကစားပြီးချိန်မှာ (၁)ပွဲနိုင်၊ (၂)ပွဲသရေ၊ ရမှတ်(၅)မှတ်သာရရှိထားပါတယ်။