ဩဂုတ်လ(၂၃)ရက်နေ့ ညက ကစားခဲ့တဲ့ ဘွန်ဒက်လီဂါအဖွင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံ လေဗာကူဆင်အသင်းက မိုချန်ဂလာဘတ်အသင်းကို (၃)ဂိုး၊ (၂)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
လေဗာကူဆင်အသင်းဟာ ပွဲချိန်မိနစ်(၉၀)အထိ သရေကျခဲ့ပေမယ့် အချိန်ပိုမှာသွင်းယူခဲ့တဲ့ ဖလိုရီယန်ဝှစ်ခ်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ရာသီအဖွင့်ပွဲစဉ်ကို အနိုင်ရလဒ်နဲ့ စတင်နိုင်ခဲ့တာပါ။
မိုချန်ဂလာဘတ်အသင်းရဲ့ အိမ်ကွင်းဖြစ်တာကြောင့် လေဗာကူဆင်အသင်း အနိုင်ရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန်အတွင်း အကြိတ်အနယ်ရှိခဲ့ပါတယ်။

မိုချန်ဂလာဘတ်အသင်းအတွက် ဂိုးတွေကို ပွဲချိန်(၅၉)မိနစ်မှာ အယ်ဗီဒီ၊ (၈၅)မိနစ်မှာ ကလိန်ဒီရန့်စ်တို့က သွင်းယူပေးခဲ့ကြပါတယ်။ လေဗာကူဆင်အသင်း အတွက် ဂိုးတွေကိုတော့ ပွဲချိန်(၁၂)မိနစ်မှာ ဇာကာ၊ (၃၈)မိနစ်နဲ့ မိနစ်(၉၀)ပြည့်လို့ အချိန်ပို(၁၁)မိနစ်မှာ ဖလိုရီယန်ဝှစ်ခ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် အဖွင့်ပွဲစဉ်အပြီး အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့သလို ပြည်တွင်းပွဲစဉ်(၅၄)ပွဲဆက် ရှုံးပွဲမရှိစံချိန်ကိုလည်း ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။