လာမယ့်ဘောလုံးရာသီမှာ ရလဒ်ကောင်းရဖို့အတွက် ကြိုတင်ပြင်ဆင်နေတဲ့ ဘာစီလိုနာအသင်းဟာ ရာသီသစ် အတွက် လေ့ကျင့်မှုတွေကို ဇူလိုင်လ(၁၁)ရက်နေ့က စတင်ပြုလုပ်ခဲ့ကြပါတယ်။
ဒီလေ့ကျင့်မှုက နည်းပြသစ် ဟန်ဆီဖလစ်လက်ထက် ပထမဆုံး လေ့ကျင့်မှုဖြစ်သလို ဘာစီလိုနာအသင်းအတွက်လည်း ရာသီကြိုခြေစမ်း ပွဲစဉ်တွေ မတိုင်ခင် ပထမဆုံး လေ့ကျင့်ရေး ဖြစ်ပါတယ်။
နိုင်ငံပွဲစဉ်တွေ ကစားနေရတာကြောင့် အသင်းရဲ့ အဓိက ကစားသမားအများစု မပါဝင်ခဲ့ပေမယ့်လည်း စီနီယာကစားသမားတချို့နဲ့ လူငယ်ကစားသမားတွေက ဒီလေ့ကျင့် ရေးမှာ ပူးပေါင်းခဲ့ကြပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ရာသီအကုန်မှာ နည်းပြဟောင်း ဇာဗီကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂျာမနီနည်းပြဟောင်း ဟန်ဆီဖလစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာကြောင့် ပရိသတ်တွေက ဘာစီလိုနာအသင်းရဲ့ အခြေအနေကို စောင့်ကြည့်နေကြတာပဲ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ဇူလိုင်လ(၃၁)ရက်နေ့မှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းနဲ့ စတင်ကစားသွားမှာ ဖြစ်ပါတယ်။