ကစားသမားဘဝ နောက်ဆုံး မေဂျာပြိုင်ပွဲအဖြစ် ယူအက်စ်အိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တဲ့ ဩစတြီးယား တင်းနစ်သမား သီအမ်ဟာ ပထမအဆင့်မှာပဲ ပြိုင်ဘက်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
သီအမ်ဟာ ပထမအဆင့် ပွဲအဖြစ် အမေရိကန်နိုင်ငံသား ရှဲလ်တန်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရှဲလ်တန်က (၆း၄၊၆း၂၊၆း၂)ဆိုတဲ့ ရလဒ်နဲ့ အပြတ် အသက် အနိုင်ရခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးဂရင်းစလမ်ပြိုင်ပွဲ ပထမအဆင့်မှာပဲ ပြိုင်ဘက်ကို ၃ ပွဲပြတ်နဲ့အရှုံးပေးလိုက်ရလို့ စိတ်ပျက်ခဲ့ပေမယ့် အကောင်းဆုံးကြိုးစားခဲ့တဲ့အတွက် နောင်တရမှုတော့မရှိဘူးလို့ သီအမ်က ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် သီအမ်ဟာ ၂၀၂၀ ယူအက်စ် အိုးပင်း ချန်ပီယံဆုရခဲ့ပေမယ့် ၂၀၂၁ အတွင်း လက်ကောက်ဝတ် ဒဏ်ရာခွဲစိတ် ကုသမှုခံရပြီးနောက်ပိုင်း ရုန်းကန်ခဲ့ရသလို ကမ္ဘာ့အဆင့်တွေလည်း ကျဆင်းခဲ့ရတာဖြစ်ပါတယ်။
အခုနှစ် အစောပိုင်းမှာပဲ သီအမ်ဟာ ၂၀၂၄ တင်းနစ်ရာသီအကုန်မှာ ကစားသမားဘဝက အနားယူတော့မှာ ဖြစ်တယ်လို့ အတည်ပြု ထားခဲ့တာဖြစ်ပါတယ်။