ဇူလိုင်လ(၁၄)ရက်နေ့က ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ယူရို(၂၀၂၄)ဗိုလ်လုပွဲစဉ်မှာ စပိန်အသင်းက (၂)ဂိုး၊ (၁)ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။
စပိန်အသင်းဟာ ပွဲစဉ်တစ်လျှောက်လုံး အင်္ဂလန်အသင်းကို ဖိအားပေး ကစားနိုင်ခဲ့သလို ချန်ပီယံခြေစွမ်းကိုလည်း ပြသနိုင်ခဲ့တာပါ။
စပိန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၄၇)မိနစ် မှာ ယာမယ်ရဲ့ပေးပို့မှုကနေ နီကိုဝီလီယံက သွင်းယူပေးခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ပွဲကစားချိန် (၇၃)မိနစ်မှာ လူစားဝင်ကစားသမား ပယ်မာရဲ့သွင်းဂိုးကြောင့် ချေပဂိုးရခဲ့ပေမယ့် စပိန်အသင်းအတွက် အနိုင်ဂိုးကို အိုယာဇာဘယ်က ပွဲချိန်(၈၆)မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို (၂)ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပေမယ့် (၂)ကြိမ်လုံးမှာ အရေးနိမ့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အခုပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့ စပိန်အသင်းဟာ (၂၀၂၂-၂၀၂၃)နေးရှင်းလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့ ပထမဆုံး ဆုဖလားလည်း ဖြစ်လာခဲ့ပါတယ်။