ယူရို(၂၀၂၄)ပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ဇွန်လ(၂၇)ရက်နေ့မှာ ကစားလို ပြီးခဲ့ပြီဖြစ်သလို (၁၆)သင်း ရှုးထွက်အဆင့်မှာ ပြင်သစ်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတိုက ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ပြင်သစ်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတိုဟာ အုပ်စုအဆင့်မှာ ဒုတိယနေရာရခဲ့ပေမယ့် (၁၆)သင်းရှုးထွက်အဆင့်မှာ ထိပ်တိုက် တွေ့ဆုံ နေခဲ့တာပါ။
ပြင်သစ်အသင်းဟာ ယူရိုပြိုင်ပွဲရဲ့မရဏအုပ်စုမှာ ကစားခဲ့ရပေမယ့် အုပ်စုပွဲစဉ်(၃)ပွဲအပြီးမှာ ရမှတ် (၅)မှတ်နဲ့အတူ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းကလည်း အုပ်စုပွဲစဉ်တွေမှာ အားရစရာ ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိခဲ့ပေမဲ့ ယူကရိန်းအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ သရေကျခဲ့လို နောက်တစ်ဆင့် တက်နိုင်ခဲ့ တာဖြစ်ပါတယ်။
ပြင်သစ်အသင်းအုပ်စုမှာ ပထမနေရာရခဲ့တဲ့ ဩစတြီးယားအသင်းက (၁၆)သင်း ရှုးထွက်အဆင့်မှာ တူကီယဲ အသင်းနဲ့တွေ့ဆုံနေသလို ဘယ်လ်ဂျီယံအုပ်စုမှာ ပထမနေရာရခဲ့တဲ့ ရိုမေးနီးယားအသင်းက နယ်သာလန်အသင်းနဲ့ တွေ့ဆုံနေခဲ့ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ (၁၆)သင်းရှုးထွက်အဆင့်ပွဲစဉ်တွေကို လာမယ့်ဇွန် ၂၉ ရက်စတင်ကစား သွားကြမှာ ဖြစ်ပါတယ်။
