ဂျာမနီနိုင်ငံမှာ ယူရို(၂၀၂၄)ပြိုင်ပွဲကစားနေတဲ့ တောင်ပံကစားသမား ဖိုဒန်ဟာ မိသားစုကိစ္စကြောင့် အင်္ဂလန်နိုင်ငံ ကို ပြန်သွားခဲ့ရတယ်လို အင်္ဂလန်ဘောလုံးအဖွဲချုပ်(အက်ဖ်အေ)က တရားဝင်ကြေညာခဲ့ပါတယ်။
ဖိုဒန်ရဲ့ဇနီးက တတိယမြောက်ကလေးကို မွေးဖွားတော့မှာဖြစ်တာကြောင့် အင်္ဂလန်နိုင်ငံကို ဖိုဒန်က ရုတ်တရက်ပြန်ခဲ့ရတာပါ။
အသက်(၂၁)နှစ်အရွယ် တောင်ပံကစားသမား ဖိုဒန်ဟာ သားသမီး(၂)ယောက်ရှိပြီးသားဖြစ်သလို တတိယမြောက် ကလေးကို မွေးဖွားခါနီးနေပြီလို ဖိုဒန်ရဲ့ဇနီးက သူ့ရဲ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်မှာ ပြီးခဲ့တဲ့ ဧပြီလတည်းက တင်ထားခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းကတော့ ဖိုဒန်အနေနဲ့ စလိုဗက်ကီးယားအသင်းနဲ့ ကစားမယ့် ယူရို (၁၆)သင်း ရှုးထွက်အဆင့် ပွဲစဉ်အမီ အသင်းနဲ့ပြန်လည်ပူးပေါင်းလာနိုင်လိမ့်မယ်လို မျှော်လင့်ထားပါတယ်။
ယူရို (၂၀၂၄)ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ် (၃)ပွဲလုံးကို ကစားပေးခဲ့တဲ့ ဖိုဒန်ဟာ အသက်(၂၁)နှစ်အရွယ်မှာတင် အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၃၇)ပွဲအထိ ကစားပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။