ချယ်လ်ဆီးအသင်းကို အခုနွေရာသီအပြောင်းအရွှေ့မှာ ရောက်လာခဲ့တဲ့ နည်းပြမာရက်စကာက အသင်းကို အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ကစားသမားသစ် ဒူးဘူရီဟောက ပြောပါတယ်။
နည်းပြမာရက်စကာနဲ့ ဒူးဘူရီဟောတို့ဟာ အခုအပြောင်းအရွှေ့မှာမှ လက်စတာအသင်းကနေ ချယ်လ်ဆီးအသင်း ကိုရောက်လာခဲ့ကြတာပါ။

ပြီးခဲ့တဲ့ရာသီက အခက်အခဲတွေကြားမှာ လက်စတာအသင်းနဲ့အတူ ချန်ပီယံရှစ်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တာကြောင့် မာရက်စကာဟာ ချယ်လ်ဆီးအသင်းကို အကောင်းဆုံးဦးဆောင်ပေးနိုင်လိမ့်မယ်လို့ ဒူးဘူရီဟောက ပြောပါတယ်။
မာရက်စကာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး လူအများစုကသိပ်မသိကြသေးပေမယ့် ချယ်လ်ဆီးအသင်းမှာ အံ့ဩစရာတွေကို လုပ်ပြပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဒူးဘူရီဟောက ဆက်လက်ပြောကြားခဲ့ပါတယ်။