မန်စီးတီးအသင်းကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် နောက်ထပ်ကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ဖို့အတွက် ဆန္ဒ မရှိတာကြောင့် မန်စီးတီးအသင်းက သူ့ရဲ့နည်းပြဘဝ နောက်ဆုံးသောကလပ်အသင်း ဖြစ်လာလိမ့်မယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

နည်းပြဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ (၂၀၂၇)ခုနှစ်ထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပေမယ့်လည်း မန်စီးတီးအသင်းက ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် တခြားကလပ်အသင်းတွေကို ကိုင်တွယ်ဖို့အတွက် ဆန္ဒမရှိဖြစ်နေတာပါ။ အနာဂတ်အကြောင်း ကြိုပြောတာမဟုတ်ပေမယ့် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့မယ်ဆိုရင် နောက်ထပ်ကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ဖို့အတွက် ခွန်အားမရှိ တော့ဘူးလို့ နည်းပြဂွာဒီယိုလာကပြောပါတယ်။

ဒါကြောင့်မလို့ မန်စီးတီးအသင်းကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် အေးဆေးအနားယူသွားဖို့ စိတ်ကူးထားတယ်လို့လည်း ဂွာဒီယိုလာက ပြောခဲ့ပါသေးတယ်။အသက်(၅၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂွာဒီယိုလာဟာ အင်္ဂလန်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့အတွက် ကမ်းလှမ်းမှုတွေကို ခံခဲ့ရသလို နိုင်ငံအသင်းတစ်သင်းကို ကိုင်တွယ်ဖို့အတွက် စိတ်ကူးရှိနေသူလည်းဖြစ်ပါတယ်။