အာဂျင်တီးနားအသင်းရဲ့ ပရိသတ်တွေဟာ အသင်းခေါင်းဆောင်မက်ဆီရဲ့ အသက်(၃၇)နှစ်ပြည့် မွေးနေ့အတွက် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ Time Square မှာ ဇွန်လ(၂၄)ရက်နေ့က ဂုဏ်ပြုပေးခဲ့ကြပါတယ်။
အဲဒီ ဂုဏ်ပြုပွဲကို အာဂျင်တီးနားအသင်းရဲ့ ပရိသတ်ပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ကြပြီး အသင်းခေါင်းဆောင် မက်ဆီကို အားပေးခဲ့ကြပါတယ်။ အာဂျင်တီးနားအသင်းပရိသတ်တွေက အခုပြိုင်ပွဲဟာ မက်ဆီရဲ့ကစားသမား ဘဝ နောက်ဆုံးကိုပါအမေရိကဖလား ပြိုင်ပွဲဖြစ်လာနိုင်တာကြောင့် စိတ်အားတက်စေဖို့အတွက် အခုလို အားပေးခဲ့ကြတာပါ။

အဲဒီဂုဏ်ပြုပွဲက မက်ဆီရဲ့အသက်(၃၇)နှစ်ပြည့် မွေးနေ့အတွက် စီစဉ်ပြုလုပ်တာကြောင့် ပွဲကိုလာတဲ့ ပရိသတ်တွေက မွေးနေ့သီချင်းကိုသီဆိုကာ ပျော်ရွှင်စွာ ကခုန်ရင်း မက်ဆီအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။
မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ (၂၀၂၄)ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပီရူး၊ ချီလီ၊ ကနေဒါ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပြီး ကနေဒါအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ (၂)ဂိုးပြတ် အနိုင်ရ ထားပါတယ်။