မက္ကဆီကို အသင်းခေါင်းဆောင်ဟောင်း ရာဖာ မားကွက်ဇ်ဟာ လက်ရွေးစင်အသင်းနည်းပြ အဂူရီရဲ့ လက်ထောက် နည်းပြဖြစ်လာဖို့ နီးစပ်နေပါတယ်။ ဘာစီလိုနာ(ဘီ)အသင်းနည်းပြဖြစ်သူ မားကွက်ဇ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းနဲ့ နှစ်ဖက်သဘောတူလမ်းခွဲဖို့ သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မားကွက်ဇ်နဲ့ မက္ကဆီကို ဘောလုံးအဖွဲ့ချုပ်တို့ရဲ့ဆွေးနွေးမှုတွေကလည်း အဆင်ပြေနေပြီး နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ သတင်းတွေအရ မားကွက်ဇ်ဟာ မက္ကဆီကို လက် ရွေးစင်အသင်းမှာ နည်းပြအဂူရီရဲ့ လက်ထောက်နည်းပြအဖြစ် ၂ နှစ်တာဝန်ထမ်းဆောင်မှာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ ဖလားပြိုင်ပွဲအပြီးမှာ မက္ကဆီကို အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။
မားကွက်ဇ်ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဘာစီလိုနာအသင်း ကနေ နည်းပြဇာဗီထွက်ခွာမယ်လို့ ပြောခဲ့ချိန်က ဘာစီလိုနာနည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားခဲ့ပေမယ့် ဘာစီလို နာအသင်းက ဟန်ဆီဖလစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ဘာစီလိုနာအသင်း ဆီကနေ စာချုပ်သစ်ကမ်းလှမ်းမှုကိုရခဲ့ပေမယ့် မားကွက်ဇ်ဘက်က ငြင်းပယ် ခဲ့ပြီးနောက် မက္ကဆီကိုဘောလုံးအဖွဲ့ ချုပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာဖြစ် ပါတယ်။