ဖူလ်ဟမ်အသင်းက အမြဲတမ်း စိတ်ဝင်စားစရာကောင်းခဲ့တာကြောင့် ရောက်လာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ကွင်းလယ်လူ ဆန်ဒါဘာ့ချ်က ပြောကြားလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ် ဆန်ဒါဘာ့ချ်ဟာ ချန်ပီယံရှစ် ကလပ် ဘန်လေအသင်းကနေ ဖူလ်ဟမ်အသင်းကို ၅ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဖူလ်ဟမ်မှာ ကျောနံပါတ် ၁၆ ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက အပြောင်းအရွှေ့သတင်းတွေ ကြောင့် အလှုပ်အခတ်တွေများခဲ့ပေမယ့် သူ့ရဲ့အနာဂတ်က ဖူလ်ဟမ်အသင်းဆီမှာ ရှိနေတာကို သိလိုက်တဲ့အတွက် ပြောင်းလာဖို့ ဆုံးဖြတ်လာခဲ့တာဖြစ်တယ်လို့ ဆန်ဒါဘာ့ချ်က ပြောသွားခဲ့ပါတယ်။

နည်းပြ ဆေးလ်ဗားရဲ့ ဖူလ်ဟမ်အသင်းကစားပုံက အမြဲတမ်းစိတ်ဝင်စားဖို့ကောင်းသလို အသင်းကစားကွက်မှာ အံဝင်မယ်လို့လည်း ယုံကြည်တယ်လို့ ဆန်ဒါဘာ့ချ်က ဆိုပါတယ်။
ဖူလ်ဟမ်အသင်းဟာ ကွင်းလယ်ခံစစ်ကစားသမား ပယ်ဟင်ဟာကို ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းချခဲ့ပြီးနောက် ကွင်းလယ်ခံစစ်မှာ ကစားနိုင်တဲ့ ဆန်ဒါဘာ့ချ်ကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းဘက်က ဆန်ဒါဘာ့ချ်ရဲ့ ပြောင်းရွှေ့ကြေးကို တရားဝင် မဖော်ပြပေမယ့် သတင်းတွေ အရတော့ ပေါင် ၂၅ သန်း တန်ကြေးရှိတယ်လို့ သိရပါတယ်။