AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇန်နဝါရီ(၁၅)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာလက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေနဲ့ အခြေစစ်ပွဲ အောင်ဖို့အတွက် အကောင်း ဆုံး လေ့ကျင့်ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာဖူဆယ်အသင်းကနေ သိရပါတယ်။

မြန်မာလက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေနဲ့ ခြေစစ်ပွဲအဖြစ် အုပ်စု(D)မှာ ပါဝင်ပြီး တရုတ်တိုင်ပေ၊ ဗီယက်နမ်နဲ့ မကာအိုအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ခြေစစ်ပွဲ အောင်မြင်ဖို့ မြန်မာအမျိုးသမီး ဖူဆယ်အသင်းအနေနဲ့ အကောင်းဆုံးပြင်ဆင်ထားတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာဖူဆယ်အသင်းမှ မီဒီယာတာဝန်ခံ ဦးသီဟအောင်က ပြောပါတယ်။

မြန်မာအမျိုးသမီးဖူဆယ်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီ(၁၅)ရက်မှာ ဗီယက်နမ်အသင်း၊ ဇန်နဝါရီ (၁၇)ရက်မှာ တရုတ်တိုင်ပေအသင်းနဲ့ ဇန်နဝါရီ(၁၉)ရက်မှာ မကာအိုအသင်းတို့နဲ့ အုပ်စုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါ တယ်။ AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲတွေကို အိမ်ရှင်နိုင်ငံတွေအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတွေမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။