ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၂ ခုနဲ့ ကြေးတံဆိပ် ၂ ခုရရှိခဲ့တဲ့ ဖိလစ်ပိုင်အိုလံပစ်အသင်းရဲ့ အောင်ပွဲခံအခမ်း အနားကို မနီလာမြို့က လမ်းမတွေမှာ ပြည်သူများစွာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။
ဖိလစ်ပိုင်အလံ ကိုင်ထားတဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေဟာ ဖိလစ်ပိုင်အိုလံပစ်အသင်းသားတွေကို တင်ဆောင်လာတဲ့ အမိုးဖွင့် ဘတ်စကားသွားရာ လမ်းတောက်လျှောက် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။
ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၂ ခု ရယူပေးခဲ့တဲ့ ဖိလစ်ပိုင်ကျွမ်းဘားအားကစားသမား ယူလိုက အိုလံပစ်ပြိုင်ပွဲတစ်ခုမှာ ဖိလစ်ပိုင်အသင်းအတွက် ရွှေတံဆိပ် ၂ ခု ရယူပေးနိုင်တဲ့ ပထမဆုံး ဖိလစ်ပိုင်ပြိုင်ပွဲဝင်အဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အသက် ၂၄ နှစ်အရွယ် ယူလိုကို ဖိလစ်ပိုင်တာဝန်ရှိသူတွေက ဖိလစ်ပိုင် ပီဆို သန်း ၂၀ ဆုကြေးချီးမြှင့်ခဲ့သလို ကွန်ဒိုတိုက်ခန်း တစ်ခန်း၊ တစ်သက်တာ ဘူဖေးအခမဲ့စားခွင့်နဲ့ လေယာဉ်ခရီးစဉ်တွေ အခမဲ့စီးနင့်ခွင့် အပါအဝင် ဂုဏ်ပြုမှု များစွာ ပေးခဲ့တာဖြစ်ပါတယ်။
ဖိလစ်ပိုင်အိုလံပစ်အသင်းကို လာရောက်ကြိုဆိုကြတဲ့ ပြည်သူတွေကတော့ ဖိလစ်ပိုင် အစိုးရရဲ့ အောင်ပွဲရ ကစားသမားတွေအပေါ် ဂုဏ်ပြုပေးမှုကို ချီးကျူးသွားခဲ့ပြီး အခုလို ဂုဏ်ပြုမှုတွေက ကစား သမားတွေကို ပိုပြီးအောင်မြင်ချင်စိတ်ရှိအောင် တွန်းအားပေးနိုင်လိမ့်မယ်လို့ သုံးသပ်ပြောကြားသွားခဲ့ကြပါတယ်။