မန်စီးတီးအသင်းရဲ့ ဘယ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းက (၂၀၂၅)ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက် တိုးမြှင့်လိုက်တဲ့အပေါ် စက်တင်ဘာလ(၆)ရက်နေ့က ဝေဖန်သွားလိုက်ပါတယ်။
ဖီဖာဟာ အခုဘောလုံးရာသီမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်စတဲ့ ဥရောပပြိုင်ပွဲတွေကို ပုံစံသစ်နဲ့ကျင်းပနေပြီး ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အသင်းအရေအတွက် (၃၂)သင်းအထိတိုးမြှင့်လိုက်တာပါ။
ဒါကြောင့်မလို့ ကစားသမားတွေအနေနဲ့ နိုင်ငံပွဲစဉ်တွေကစားရတဲ့အပြင် ကလပ်အသင်းပွဲစဉ် အရေအတွက်ကလည်း များပြားလာတာကြောင့် ဒီဘရိုင်းက အခုလိုဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

(၂၀၂၅)ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအပြီး (၃)ပတ်ကြာတာနဲ့ ပရီးမီးယားလိဂ်ရာသီသစ်ကို ကစားရမှာဖြစ်တာကြောင့် ပြိုင်ပွဲဝင်ကစားသမားတွေအနေနဲ့ နားရက်(၃)ပတ်သာရှိတော့တယ်လို့ ဒီဘရိုင်းက ဝေဖန်သွားခဲ့ပါတယ်။
ကစားရမယ့်ပွဲစဉ်တွေများလာတာကြောင့် ပြိုင်ပွဲတိုင်းမှာ ပါဝင်ကစားရတဲ့ ကစားသမားတွေအနေနဲ့ တစ်ရာသီကိုပြိုင်ပွဲစုံ ပွဲပေါင်း(၈၀)လောက်အတွက် ပြင်ဆင်နေရတာက စိတ်ပျက်ဖို့ကောင်းတယ်လို့ ဒီဘရိုင်းက ဆက်လက်ပြောကြားခဲ့ပါတယ်။