၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲကာလအတွင်း ကိုကင်းဝယ်ယူမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ၂၁ လပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့တဲ့ ဩစတြေးလျ ဟော်ကီအသင်းသား တွမ်ခရိတ်ချ်က စက်တင်ဘာ ၁၂ ရက်နေ့မှာ တောင်းပန်ကြောင်း ပြောကြားလိုက်ပါတယ်။
တွမ်ခရိတ်ချ်ရဲ့ အမှုကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာ ၉ ရက်နေ့မှာ ဩစတြေးလျ ဟော်ကီအဖွဲ့ချုပ်က ၁၂ လပွဲပယ်ပြစ်ဒဏ်ချ မှတ်လိုက်တာဖြစ်ပါတယ်။
တွမ်ခရိတ်ချ်အနေနဲ့ ပထမဆုံး ၆ လကို အပြည့်အဝ ပွဲပယ်ပြစ်ဒဏ်အဖြစ် ချမှတ်ခံထားရမှာဖြစ်ပြီး လက်ကျန် ၆ လကိုတော့ ယာယီပြစ်ဒဏ်အနေနဲ့ ကျခံသွားရမှာဖြစ်တယ်လို့ ဩစတြေးလျဟော်ကီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလိုပွဲ ပယ်ပြစ်ဒဏ် ချမှတ်ခံထားရပေမယ့် တွမ်ခရိတ်ချ်အနေနဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ရွေးချယ်မယ့် ၂၀၂၅ ခုနှစ်အတွက် လက်ရွေးစင် လူစာရင်းမှာ ပါဝင်ခွင့် ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၂၉ နှစ်အရွယ် ခရိတ်ချ်ကလည်း သူ့ရဲ့ မိုက်မဲတဲ့ အပြုအမူတွေအတွက် မိသားစုဝင်တွေကိုရော ပရိသတ်တွေကိုပါ တောင်းပန်းတယ်လို့ ပြောကြားခဲ့ပြီး ပွဲပယ်ကာလအတွင်း လေ့ကျင့်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။