ကျူးဘား နပမ်းအားကစားသမား လိုပက်ဇ်ဟာ ပဲရစ်အိုလံပစ်ရဲ့ အမျိုးသား ၁၃၀ ကီလို နပမ်းပွဲစဉ်မှာ ရွှေတံဆိပ်ရခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူသွားခဲ့ပါတယ်။
လိုပက်ဇ်ဟာ ဗိုလ်လုပွဲမှာ ချီလီနိုင်ငံသား ဖာနန်ဒက်ဇ်ကို အမှတ်အပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီးနောက် အိုလံပစ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲစဉ်တစ်ခုတည်း မှာ ရွှေတံဆိပ်ဆုကို ၅ ကြိမ်ဆက် ရယူနိုင်တဲ့ ပထမဆုံး အိုလံပစ်ပြိုင်ပွဲဝင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ပြီးနောက် လိုပက်ဇ်ဟာ ပြိုင်ပွဲယှဉ်ပြိုင်တုန်းက သူစီးခဲ့တဲ့ ဖိနပ်ကို ပြိုင်ကွင်းအလယ်မှာ ချွတ်ခဲ့ပြီး အနမ်းနဲ့နှုတ်ဆက်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
အသက် ၄၁ နှစ်အရွယ် လိုပက်ဇ်ဟာ ၂၀၀၄ အိုလံပစ် ပြိုင်ပွဲမှာ ပထမဆုံးပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အဲဒီပြိုင်ပွဲတုန်းက ပဥ္စမနေရာသာရခဲ့တာပါ။
ဒါပေမဲ့ အဲဒီပြိုင်ပွဲ နောက်ပိုင်း ယှဉ်ပြိုင်ခဲ့တဲ့ အိုလံပစ် ၁၃၀ ကီလို နပမ်းပွဲစဉ်တွေမှာတော့ လိုပက်ဇ်ဟာ ရွှေတံဆိပ်ဆုကို ၅ ကြိမ် ဆက်တိုက် ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။