IBF ဟဲဗီးဝိတ်တန်း ချန်ပီယံ ဗြိတိန်နိုင်ငံသား ဒူဘော့စ်ဟာ ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် နယူးဇီလန်နိုင်ငံသား ပါကာနဲ့ လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထိုးသတ်မှာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ပွဲကို ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့မှာ ကျင်းပသွားမှာပါ။
အသက် ၂၇ နှစ်အရွယ် ဒူဘော့စ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ပထမဆုံး ချန်ပီယံဆုကာကွယ်ပွဲအဖြစ် တစ်နိုင်ငံ တည်းသား ဂျော့ရှူအာနဲ့ ထိုးသတ်ခဲ့ရာမှာ အနိုင်ရပြီး ချန်ပီယံဆုကိုဆက်ထိန်းထားနိုင်ခဲ့တာပါ။ ဒူဘော့စ်ဟာ ကစားသမားဘဝ ၂၄ ပွဲထိုးသတ်ထားရာမှာ ၂၂ ပွဲအနိုင်ရပြီး ၂ ပွဲရှုံးမှတ်တမ်းရရှိထားတာပါ။ ၂၀၂၄ ဇွန်လမှာ ခရိုအေးရှားလက်ဝှေ့သမား ဟာဂိုဗစ်ကို အနိုင်ယူပြီးနောက် ဒူဘော့စ်ဟာ လစ်လပ်နေတဲ့ IBF ဟဲဗီးဝိတ်တန်း ချန်ပီယံဆုရှင် ဖြစ်လာခဲ့ပါတယ်။
အခုပွဲမှာ ဒူဘော့စ်ကို စိန်ခေါ် ထိုးသတ်မယ့် ပါကာကတော့ အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး WBO ဟဲဗီးဝိတ်တန်း ချန်ပီယံဆုကို ၂၀၁၆ ကနေ ၂၀၁၈ အထိ ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ ဒူဘော့စ်ထက် အသက် ၅ နှစ်ပိုကြီးတဲ့ ပါကာကတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၃၈ ပွဲထိုးသတ် ထားခဲ့ရာမှာ ၃၅ ပွဲအနိုင်ရခဲ့ပြီး ၃ ပွဲရှုံး မှတ်တမ်းကို ရရှိထားပါတယ်။