ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ ဖူဟမ်အသင်းကနေခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ ပေါ်တူဂီ ကွင်းလယ်လူ ပယ်ဟင်ဟာကို ဇူလိုင်လ(၁၁)ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးခဲ့ပါတယ်။
ပယ်ဟင်ဟာ,ဟာ (၂၀၂၃)ခုနှစ်မှာကတည်းက ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ဖို့နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးရက် ရောက်မှ ပျက်ပြယ်ခဲ့ရတာပါ။
အခုအချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ပယ်ဟင်ဟာကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပြီး ပြောင်းရွှေ့ကြေးကို အတိအကျ မဖော်ပြခဲ့ပေမယ့် သတင်းတွေရဲ့ဖော်ပြချက်အရ ဖူဟမ်အသင်းကို ယူရို(၅၁)သန်း ပေးချေခဲ့ရတယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ထိပ်တန်းအသင်းကြီးတစ်သင်း ဖြစ်တာကြောင့် ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ကစားသမားသစ်ဖြစ်လာတဲ့ ပယ်ဟင်ဟာက ပြောပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ (၂၀၂၈)အထိ သက်တမ်းရှိတဲ့ (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။