ဇူလိုင်လ(၃၁)ရက်နေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်မှာ ပွဲချိန်အတွင်း တစ်ဖက်(၂)ဂိုးစီ သရေကျခဲ့တာကြောင့် ပင်နယ်တီအထိ ကစားခဲ့ရပြီး ဘာစီလိုနာအသင်းက အနိုင်ရရှိခဲ့ပါတယ်။
မန်စီးတီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ခြေစမ်းပွဲဖြစ်ပေမယ့် အကြိတ်အနယ် ကစားခဲ့ကြပြီး မိနစ် (၉၀)အတွင်း တစ်ဖက်(၂)ဂိုးစီ သရေကျခဲ့ကြတာပါ။

ဘာစီလိုနာအသင်းဟာ ခြေစမ်းပွဲဖြစ်တာကြောင့် လူငယ်ကစားသမားတွေကိုသာ ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့ပြီး မန်စီးတီးအသင်းကတော့ လူငယ်ကစားသမား တွေအပြင် ဟာလန်း၊ ဂရီးလစ်ချ် အပါအဝင် စီနီယာကစားသမား(၆)ယောက်ကို အသင်းရဲ့ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ဘာစီလိုနာအသင်းရဲ့လူငယ်ဂိုးသမား အန်ဒါက လက်စွမ်းပြ ကာကွယ်ခဲ့တာကြောင့် ဘာစီလိုနာအသင်းက (၄)ဂိုး၊ (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုနိုင်ပွဲက ဘာစီလိုနာ နည်းပြအဖြစ်တာဝန်ယူနေတဲ့ ဟန်ဆီဖလစ်လက်ထက် ပထမဆုံးနိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။