အင်္ဂလန်နိုင်ငံ နော်တင်ဟမ်မြို့မှာ ကျင်းပခဲ့တဲ့ နော်တင်ဟမ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ဗြိတိန်တင်းနစ်မယ် ဘော်လ်တာ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
မိုးရွာသွန်းမှုကြောင့် စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဆီမီးဖိုင်နယ်ပွဲတွေကို တနင်္ဂနွေနေ့မှာ ကစားဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဘော်လ်တာဟာ ဇွန်လ ၁၆ ရက် တစ်နေ့တည်းမှာပဲ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲကို ဆက်တိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ် အဆင့်မှာ ရာဒူကာနူကို အနိုင်ယူလာခဲ့တဲ့ ဘောလ်တာဟာ ဗိုလ်လုပွဲမှာ ချက်တင်းနစ်မယ် လစ်ကိုဗာနဲ့ ဆက် လက်ယှဉ်ပြိုင်ခဲ့ရပြီး ပွဲကလည်း အကြိတ်အနယ် ရှိခဲ့ပါတယ်။
ဆီမီးဖိုင်နယ်မှာ ရာဒူကာနူကို နောက်က လိုက် ကစားခဲ့တဲ့ ဘော်လ်တာဟာ ဗိုလ်လုပွဲမှာလည်း လစ်ကိုဗာကို ပထမပွဲလတ်မှာ အရှုံးပေးခဲ့ရပြီး နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။
ပွဲကစားချိန် ၂ နာရီနီးပါး ယှဉ်ပြိုင်ခဲ့ပြီးနောက် ဘော်လ်တာက လစ်ကိုဗာကို (၄း၆၊၆း၃၊၆း၂) ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပြီး နော်တင်ဟမ်အိုးပင်းချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ရယူသွားနိုင်ခဲ့ပါတယ်။
ဘော်လ်တာအတွက် အခုချန်ပီယံဆုက ကစားသမားဘဝ ၃ ခုမြောက် ချန်ပီယံဆုဖြစ်ခဲ့ပြီး ၂၀၂၄ အတွင်း ဒုတိယမြောက် ချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။