လီဗာပူးအသင်းနည်းပြ စလော့က အခုညမှာ ရင်ဆိုင်ရမယ့် နော်တင်ဟမ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆု ကို စိန်ခေါ်နိုင်တဲ့အသင်းဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ နည်းပြ နူနိုဆန်တိုရဲ့ နော်တင်ဟမ်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းကို အနိုင်ရထားတဲ့ တစ်သင်းတည်းသောအသင်းဖြစ်သလို အခုရာသီ ပရီးမီးယားလိဂ် ပွဲ ၂၀ ကစားပြီးချိန်မှာလည်း ရှုံးပွဲက ၄ ပွဲသာရှိထားပါတယ်။

ဒါ့ကြောင့် နော်တင်ဟမ် အသင်းဟာ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုမှာ ဒုတိယနေရာက အာဆင်နယ်အသင်းနဲ့ အမှတ်တူ ဇယားထိပ် ဆုံးက လီဗာပူးအသင်းနဲ့ ၆ မှတ်အကွာ တတိယနေရာမှာရပ်တည်နေပါတယ်။ ရာသီဝက် အမှတ်ပေးဇယား ရပ်တည်မှုကို ကြည့်မယ်ဆိုရင် နော်တင်ဟမ်အသင်းရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်လို့ လီဗာပူးနည်းပြ စလော့က ပြောသွားခဲ့တာပါ။

နော်တင်ဟမ်အသင်းနည်းပြ နူနိုကတော့ လက်ရှိအချိန်မှာ ချန်ပီယံဆုအကြောင်းပြောဖို့ကို မစဉ်းစားသေးဘဲ တစ်ပွဲချင်းစီ ရလဒ်ကောင်းဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက်အနိုင်ရထားပြီး ၁၉၂၂ တုန်းက တင်းထားခဲ့တဲ့ အသင်းရဲ့နိုင်ပွဲဆက်မှုစံချိန်ကို မီဖို့အတွက် တစ်ပွဲသာလို တော့တာဖြစ်ပါတယ်။