ဝက်စ်ဟမ်းအသင်းဟာ အင်္ဂလန်ညာနောက်ခံလူ ဘစ်ဆာကာကို မန်ယူအသင်းဆီကနေ ပေါင် ၁၅ သန်းနဲ့ ခေါ်ယူလိုက်ပြီလို့ ဩဂုတ်လ ၁၃ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ဘစ်ဆာကာဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းက ၇ နှစ်စာချုပ်နဲ့ ခေါ်ယူ လိုက်တာဖြစ်ပါတယ်။
ပဲလေ့စ်အသင်းနဲ့ ကစားသမားဘဝစတင်ခဲ့တဲ့ ဘစ်ဆာကာဟာ ၂၀၁၉ မှာ မန်ယူ အသင်း ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်ယူအသင်းအတွက် ပွဲပေါင်း ၁၉၀ ပါဝင် ကစားပေးခဲ့တာဖြစ်ပါတယ်။
မန်ယူ အသင်းနဲ့အတူ ဘစ်ဆာကာဟာ လိဂ်ဖလားနဲ့ အက်ဖ်အေဖလားတွေ ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မန်ယူ အသင်းခံစစ်မှာ ကစားသမားသစ်တွေ ရောက်လာမှုကြောင့် ပွဲထွက်ခွင့် ပိုရလာနိုင်မယ့် ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းမှာ ကစားသမားတွေက အပြန်အလှန် ရိုင်းပင်းကူညီကြသလို အသင်းလိုက် စုစည်းမှုကောင်းတယ်လို့ မြင်မိတာကြောင့် ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဘစ်ဆာကာက ပြောထားပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၉ သာရခဲ့တဲ့ဝက်စ်ဟမ်းအသင်းဟာ နည်းပြသစ် အဖြစ် လိုပက်တီဂူကို ခန့်အပ်ထားပြီး ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲအဖြစ် ဩဂုတ်လ ၁၇ ရက်နေ့မှာ ဗီလာအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။