ဇွန်လ(၂၆)ရက် မနက်ပိုင်းက ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ ချီလီအသင်းတို့ရဲ့ပွဲစဉ်မှာ အာဂျင်တီးနား အသင်းက မာတီနက်ဇ်ရဲ့နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ချီလီအသင်းကို ပွဲချိန် တစ်လျှောက်လုံး ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးရဖို့အခက်တွေ့ခဲ့ပေမယ့် လူစားဝင်ကစားသမား မာတီနက်ဇ်က အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
မာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းအတွက် လူစားဝင် ကစားသမားအဖြစ်နဲ့သာ နှစ်ပွဲဆက်ကစားခဲ့ရပေမယ့် ကနေဒါအသင်းနဲ့အဖွင့်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့သလို အခုပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် အုပ်စုပွဲစဉ်(၂)ပွဲကစားပြီးချိန်မှာပဲ (၂)ပွဲဆက်အနိုင်နဲ့အတူ အခုနှစ် ကိုပါအမေရိက ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးအသင်းလည်း ဖြစ်လာခဲ့ပါတယ်။